Top Ad unit 728 × 90

Youtube မှာ Save ထားတဲ့ ဗီဒီယိုတွေကို Offline ကြည့်နိုင်တော့မည်

Youtube မှာ Save ထားတဲ့ ဗီဒီယိုတွေကို Offline ကြည့်နိုင်တော့မည်
********************
Youtube မှာ ကိုယ်နှစ်သက်တဲ့ ဗွီဒီယိုတွေ ၊ ရုပ်ရှင်တွေ နဲ့ တေးသီချင်းတွေကို Save လုပ်ထားရုံနဲ့ အင်တာနက် မရှိတဲ့အချိန်မှာ Offline ကြည့်ရှုနိုင်တော့မှာ ဖြစ်တယ်လို့ Google ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အခု လွှင့်ထုတ်လိုက်တဲ့ App ကို Youtube Go လို့ အမည်ပေးထားပြီး Google Play Store မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ အဲဒီအပြင် Youtube Go ဟာ ကိုယ် Save ထားတဲ့ Video တွေကို SD card ထဲကို သိမ်းဆည်းထားနိုင်ခွင့်ပေးမယ်လို့ လည်း ဆိုပါတယ်။ Beta စမ်းသပ်ဗားရှင်း အနေနဲ့ လွှင့်ထုတ်လိုက်တာ ဖြစ်ပြီး ကိုယ့်ရဲ့ မိုဘိုင်းဖုန်းက ပုံမှန်အတိုင်း ကြည့်ရှုနေကြ အတိုင်း အလုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဗွီဒီယို ရဲ့ အရည်အသွေး ဟာလည်း Basic Quality နဲ့ Standard Quality ၂ ခု ပေးအပ်ထားပြီး 144 Pixels နဲ့ 360 Pixels သာ ပေးအပ်ထားတဲ့အတွက် ကနဦးမှာ တော်တော်လေး နိမ့်ကျတယ် လို့ ဆိုနိုင်ပေမယ့် နောက်ပိုင်းမှာတော့ HD အဆင့် အရည်အသွေး တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုယ် Save ထားတဲ့ Video ဖိုင်တွေကို Bluetooth ကနေ တဆင့် သူငယ်ချင်း အချင်းချင်း Offline ရှယ်ယာ မျှဝေပေးနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ Google ဟာ အဲဒီ App ကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ ကတည်း က ကြော်ငြာပေးခဲ့တာ ဖြစ်ပြီး အခုတော့ စတင် စမ်းသပ်ကြည့်ရှုနိုင်ပြီ ဖြစ်တယ် လို့ ဆိုပါတယ်။ ဝေဖန်သူတွေ ရဲ့ အဆိုအရ ဗွီဒီယိုတွေဟာ 720 pixel ဒါမှမဟုတ် 1080 Pixel ကို လွှင့်ထုတ်ပေးနိုင်မှသာ ပရိသတ်အများအပြား ကို ဆွဲဆောင်နိုင်မှာ ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။
Youtube မှာ Save ထားတဲ့ ဗီဒီယိုတွေကို Offline ကြည့်နိုင်တော့မည် Reviewed by mp3songmm on February 09, 2017 Rating: 5

Ads mm

mfont

Contributors

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ?

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ? Window Key + R (Run Command)ဖြင့် တွဲဖက်အသုံးပြုရမည့် Keys များ ...

Search This Blog

Home Ads

Tags

Travel

Please give me 1 click

Comments

Ads mm

Ads

Latest in Sports

Random Posts

Flickr

Header Ads

Popular

All Rights Reserved by Myanmar ebook and mod game © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

MMEBOOK. Powered by Blogger.