Top Ad unit 728 × 90

Facebook Messenger ကို ကျင်လည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း လေးခု

Facebook Messenger ကို ကျင်လည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း လေးခု



 Facebook Messenger ဟာ ရိုးရှင်းတဲ့ Messaging ၀န်ဆောင်မှု တစ်ခုထက် ပိုပြီး စွမ်းဆောင် ချက်တွေ စုံလင် လှပါတယ်။ စွမ်းဆောင် ချက်တွေ များပြားတဲ့ အတွက် လူတစ်ယောက် ချင်းစီ အပေါ် မူတည်ပြီး နှစ်သက်တာ ရှိသလို စိတ် အနှောင့် အယှက် ဖြစ်စရာ တွေလည်း ရှိပါတယ်။ ဒီတစ်ပတ် မှာတော့ Facebook Messenger ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင် ချက်များကို အသုံးပြုနည်းနှင့် တကွ စိတ် အနှောင့် အယှက် ဖြစ်စရာ တွေကို ပိတ်ပင်နိုင်မယ့် နည်းလမ်း များကို ရေးသားပေး လိုက်ပါတယ်။

Conversation တစ်ခု အတွက် Notifications များကို ပိတ်နည်း

ဈေးရောင်းသူ တစ်ယောက်က Messenger မှာ Group တစ်ခု ပြုလုပ်ပြီး အဲဒီ Group ထဲမှာ သင် အပါအ၀င် လူပေါင်း များစွာကို ထည့်သွင်းပြီး သူ့ရဲ့ ကုန်ပစ္စည်းကို ၀ယ်ယူဖို့ စာတွေ အဆက် မပြတ် ပေးပို့နေ ရင်တော့ စိတ်ပျက် စရာ ဖြစ်ပါတယ်။ အဲဒီ Group အတွက် Notification ကို ပိတ်ထား မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Conversation Tab ထဲသွားပြီး အဲဒီ Group ကို ဖိထားပါ။ Mute notifications ကို ရွေးပြီး အချိန်ကို ရွေးပေးပါ။ သင် ပြန်မဖွင့် မချင်း ပိတ်ထား ချင်ရင်တော့ “ Until I turn it back on “ ကို ရွေးပေးပါ။



Conversation အားလုံးအတွက် Notification များကို ပိတ်နည်း

Messenger ကိုဖွင့်ပြီး ညာဘက် အပေါ် ထောင့်စွန်းမှ Settings အိုင်ကွန်ကို နှိပ်ပါ။ Notifications & Sounds ထဲသွားပြီး ညာဘက် အပေါ်ထောင့်စွန်းမှ ခလုတ်ကို Off လုပ်ပါ။ နောက် အဆင့်မှာ ပိတ်ထားမယ့် အချိန်ကို ရွေးပေးပါ။ ၂၄ နာရီ အထိပဲ အများဆုံး ပိတ်ထား နိုင်ပါတယ်။



တည်နေရာကို ပေးပို့နည်းနဲ့ ကြည့်ရှုနည်း

သင့်ရဲ့ တည်နေရာကို သူငယ်ချင်း တစ်ယောက်ထံ ပေးပို့ ချင်ရင် Messenger ကိုပဲ အသုံးပြု နိုင်ပါတယ်။ Settings ထဲမှာ Location ကို Enable လုပ်ထားရင် Conversation အားလုံးမှာ သင့်ရဲ့ တည်နေရာကို သူငယ်ချင်း များက သိနိုင်ပါတယ်။

အလားတူပဲ သင့်ရဲ့ သူငယ်ချင်းက Location ကို ဖွင့်ထားရင် သင်က သူ့ရဲ့ တည်နေရာကို သိနိုင် ပါတယ်။ သူ့ရဲ့ တည်နေရာကို သိဖို့ သူပေးပို့တဲ့ Message ကို တစ်ချက် နှိပ်ရင် အောက်မှာ မြေပုံနဲ့ တကွ ပြသပေးမှာ ဖြစ်ပါတယ်။

သင့်ရဲ့ တည်နေရာကို အခြားသူတွေ မသိစေချင် ရင်တော့ Settings ထဲမှာ ပိတ်ထား နိုင်ပါတယ်။



Big Thumbs Up တစ်ခု ပေးပို့နည်း

Messenger မှာ လက်မထောင်နေတဲ့ ပုံလေးကို အလွယ်တကူ ပေးပို့နိုင်ဖို့ ညာဘက် အောက်ခြေမှာ ပြသပေး ထားပါတယ်။ တစ်ဖက်က သူငယ်ချင်းရဲ့ သဘောထား၊ အကြံဥာဏ် ဒါမှမဟုတ် တစ်စုံတစ်ခုကို နှစ်သက်ကြောင်း လျှင်မြန်စွာ ပြောပြနိုင်ဖို့ ပြုလုပ်ပေး ထားတာပါ။ ဒါပေမယ့် အဲဒီ ထောင်နေတဲ့ လက်မလေးဟာ သေးငယ် ပါတယ်။ လက်မ အကြီးကြီး ပေးပို့ ချင်ရင် လက်မကို ဖိထားပြီး အကြီးဆုံး အနေ အထား ရောက်မှ လွှတ်လိုက်ပါ။



Myanmar Digital Life Journal
Facebook Messenger ကို ကျင်လည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း လေးခု Reviewed by mp3songmm on December 25, 2016 Rating: 5

Ads mm

mfont

Contributors

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ?

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ? Window Key + R (Run Command)ဖြင့် တွဲဖက်အသုံးပြုရမည့် Keys များ ...

Search This Blog

Home Ads

Tags

Travel

Please give me 1 click

Comments

Ads mm

Ads

Latest in Sports

Random Posts

Flickr

Header Ads

Popular

All Rights Reserved by Myanmar ebook and mod game © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

MMEBOOK. Powered by Blogger.