Top Ad unit 728 × 90

Usefull Android App from Play Store

Google Play Store ပေါ်က အသုံးအဝင်ဆုံး Android App များ

Google Play Store ပေါ်မှာထောင်ပေါင်းများစွာသော Apps တွေရှိနေပါတယ်။ အဲဒီ ထောင်ပေါင်းများစွာထဲက Apps အတော်များများ ဟာ file size ကြီးမားတဲ့အတွက် သင့်ရဲ့ Android Device အနေနဲ့ နေရာလွတ်များများရှိဖို့လိုအပ်ပါတယ်။ Device ရဲ့ Memory ပေါ်မှာ နေရာများများယူပြီး အသုံးမဝင်တဲ့ Apps တွေရှိပေမယ့် အချို့ Apps တွေကတော့ သင့်ကိုစိတ်ကျေနပ်မှု ပေးနိုင်တဲ့အပြင် သင့်ရဲ့ Android Device ကို အကောင်းမွန်ဆုံးဖြစ်အောင်ဖန်တီးပေးနိုင်ပါတယ်။ ဆန်းသစ်တဲ့ Apps တွေ ရဲ့ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေက သင့်ရဲ့ Android Phone (ဒါမှမဟုတ်) Tablet တွေအပေါ်အသုံးပြုမှုပုံစံအဟောင်း တွေကနေ ခွဲထွက်ပြီး ပုံစံအသစ်နဲ့ အသုံးပြုနိုင်စေဖို့အတွက် ကမ္ဘာအသစ်တစ်ခုကိုခေါ်ဆောင်သွားမှာဖြစ်လို့ သင့်ရဲ့ Android Device ထဲ ကို အခုဆက်လက်ဖော်ပြမယ့် Apps တွေထည့်သွင်းထားလိုက်ပါလို့ အကြံပြုပါရစေ။

သင့်ရဲ့ Notification Bar ပေါ်ကို Reminders တွေထည့်သွင်းပေးမယ့် App တစ်ခုဖြစ်ပါတယ်။ သင်လုပ်စရာရှိတဲ့ကိစ္စအဝဝ အတွက် Schedule ဆွဲထားနိုင်မှာဖြစ်ပြီးအချိန်ကျရောက်တိုင်းမှာ Notification Message အနေနဲ့ဖော်ပြပေးမှာပါ။ သင်ဝယ် ချင်တဲ့ ပစ္စည်းတွေကိုလည်း စာရင်းဇယားနဲ့မှတ်ထားနိုင်ပြီး ဆိုင်ကိုရောက်တဲ့အချိန်မှာ အကုန်လုံးအတွက် Notification ပြ ပေးဖို့စီစဉ်ထားနိုင်ပါတယ်။ ကြည့်ကောင်းတဲ့အသွင်အပြင်ဒီဇိုင်းနဲ့ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေက သတိမေ့တတ်တဲ့ User တစ်ယောက်အတွက် အလွန်အသုံးဝင်ပေမယ့် သင့်ကိုယ်သင်သတိမမေ့တတ်ဘူးလို့ ယုံကြည်ရင်တော့ ဒီ App ကသင့် အတွက်မလိုအပ်ပါဘူး။ Notif ဆိုတဲ့ နာမည်နဲ့ပဲ Free ပေးထားတဲ့ Version ရှိပေမယ့် အားနည်းချက်တွေများလို့ Perfect ဖြစ်တဲ့ Pro Version ကိုပဲဖော်ပြပေးလိုက်ပါတယ်။

unnamedNotif Pro

Price: £0.61/$0.99
notif-pro1
သင့်ရဲ့ Notification Bar ပေါ်ကို Reminders တွေထည့်သွင်းပေးမယ့် App တစ်ခုဖြစ်ပါတယ်။ သင်လုပ်စရာရှိတဲ့ကိစ္စအဝဝ အတွက် Schedule ဆွဲထားနိုင်မှာဖြစ်ပြီးအချိန်ကျရောက်တိုင်းမှာ Notification Message အနေနဲ့ဖော်ပြပေးမှာပါ။ သင်ဝယ် ချင်တဲ့ ပစ္စည်းတွေကိုလည်း စာရင်းဇယားနဲ့မှတ်ထားနိုင်ပြီး ဆိုင်ကိုရောက်တဲ့အချိန်မှာ အကုန်လုံးအတွက် Notification ပြ ပေးဖို့စီစဉ်ထားနိုင်ပါတယ်။ ကြည့်ကောင်းတဲ့အသွင်အပြင်ဒီဇိုင်းနဲ့ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေက သတိမေ့တတ်တဲ့ User တစ်ယောက်အတွက် အလွန်အသုံးဝင်ပေမယ့် သင့်ကိုယ်သင်သတိမမေ့တတ်ဘူးလို့ ယုံကြည်ရင်တော့ ဒီ App ကသင့် အတွက်မလိုအပ်ပါဘူး။ Notif ဆိုတဲ့ နာမည်နဲ့ပဲ Free ပေးထားတဲ့ Version ရှိပေမယ့် အားနည်းချက်တွေများလို့ Perfect ဖြစ်တဲ့ Pro Version ကိုပဲဖော်ပြပေးလိုက်ပါတယ်။

Download Notif Pro Here


unnamsdfsdfsdfedAIVC (Alice) (Siri for Android)
Apple ရဲ့ Siri ကို Android မှာသုံးမယ် . . .
Apple ရဲ့ iOS device တွေမှာသာ Siri ပါဝင်တာဖြစ်ပေမယ့် Siri ရဲ့ လုပ်ဆောင်ချက်မျိုးကို Android ပေါ်မှာရရှိနိုင်မယ့်နည်း လမ်းတွေအများကြီးရှိနေပါတယ်။ Android အသုံးပြုသူတွေအနေနဲ့လည်း ၄င်းတို့ရဲ့Android Device ထဲမှာ Digital အတွေးရေးမှူးမလေး တစ်ယောက်လောက်ထားရှိချင်မှာပဲလေ။ Free ရရှိနိုင်တဲ့ ဒီ Skyvi က Apple ရဲ့ Siri ဆိုတဲ့ အတွင်း ရေးမှူးမလေး နည်းတူ စွမ်းဆောင်ပေးနိုင်မယ့် App တစ်ခုပါပဲ။ ဒီ Android အတွင်းရေးမှူးမလေးက သင့်ရဲ့ Device ပေါ်က နေသင့်ကို အကောင်းဆုံးအကူအညီပေးမှာဖြစ်ပြီး SMS ပို့တဲ့ကိစ္စတွေ ၊ Internet ရှာဖွေရေးကိစ္စတွေနဲ့ အခြားအခြားသော ကိစ္စရပ်တွေကိုမျက်နှာလွှဲထားနိုင်မှာဖြစ်ပါတယ်။



sdfsdsdfasdfsdfCamScanner
Price: Free
စာရွက် စာတမ်းတွေကို ဖုန်းနဲ့ Scan ဖတ်မယ် . . .
Document တွေကို Scan ဖတ်ဖို့ Scanner တစ်လုံးဝယ်စရာမလိုတော့ပါဘူး။ CamScanner ကို သင့်ရဲ့ Phone မှာ install ပြုလုပ်ပြီး စာရွက်စာတမ်းတွေကို ဖုန်းနဲ့ Scan ဖတ်နိုင်ပါပြီ။ ဒီ App ကသင် Scan ဖတ်ထားတဲ့ Document File ကို PDF အဖြစ်အလိုအလျောက်ပြောင်းပေးမှာဖြစ်ပြီး စိတ်ကြိုက်လည်း Editing လုပ်လို့ရတဲ့အတွက် စိတ်ကျေနပ်စရာကောင်းပါတယ်။ အခုလက်ရှိ ပြည်တွင်းက SIM ကတ်တွေကို Online ကနေ မှတ်ပုံတင်ဖို့ မိမိရဲ့ မှတ်ပုံတင်ကို Scan ဖတ်ဖို့လိုအပ်နေတဲ့ အချိန်မျိုးမှာ ဆိုင်သွားစရာမလိုဘဲ မိမိရဲ့ ဖုန်းနဲ့တင် Scan ဖတ်ပြီး အလျင်မြန်ဆုံး Upload လုပ်နိုင်ပြီဖြစ်ပါတယ်။ အခုလ (၁၇) ရက်နေ့မှာ ပိုမိုကောင်းမွန်တဲ့ နောက်ဆုံး Update ထွက်ရှိထားပါတယ်။
sdfasdfsadfasdfasdfWifi Mouse
Price: Free
သင့်ရဲ့ Android Device ကို Wireless Mouse (သို့မဟုတ်) Keyboard တစ်ခုအနေနဲ့သုံးမယ် . . .
အခုလက်ရှိ PC တွေမှာအသုံးပြုနေတဲ့လှပပြီး ရှေးကျတဲ့ ဒီဇိုင်းပုံစံဖန်တီးထားတဲ့ Mouse တစ်ခုအဖြစ် သင့်ရဲ့ Android Device ကိုဘာလို့မသုံးနိုင်ရမှာလဲ။ WiFi Mouse လို့အမည်ရတဲ့ ဒီ App ကို Play store ပေါ်ကနေအခမဲ့ရယူလိုက်ပါ။ ပြီးရင် သင့်ရဲ့ PC ပေါ်မှာလိုအပ်တဲ့ xBuddy ကို http://www.xgesture.com/ ကနေ Download ရယူလိုက်ပါ။ xBuddy ကို install လုပ်ပြီးရင်တော့ ဖုန်းနဲ့ချိတ်ဆက်ဖို့အတွက် ဖုန်းကနေ Wifi Mouse ကိုဖွင့်ပြီး Auto Connect ကိုနှိပ်လိုက်ပါ။ အဲဒါမှအဆင်မပြေသေးရင်တော့ Scan QR Code ကိုရွေးပြီး ချိတ်ဆက်လို့ရပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ Phone ကို PC နဲ့ Wireless ချိတ်ဆက်ပြီး Wireless Mouse အဖြစ်အသုံးပြုနိုင်ပါပြီ။
xxShush! Ringer Restorer
Price: Free
အချိန်သတ်မှတ်ပြီး Ringer ကိုပြန်ဖွင့်နိုင်တယ် . . .
Shush! ဆိုတာ သင်နဲ့မရင်းနှီးသေးတဲ့ App တစ်ခုဖြစ်ပေမယ့် မကြာခင်မှာသင်နဲ့ရင်းနှီးတော့မယ်ဆိုတာ သေချာနေပါ တယ်။ သင့်အနေနဲ့ စာသင်ခန်းထဲမှာပဲဖြစ်ဖြစ် ၊ ရုံးရဲ့ အစည်းအဝေးခန်းထဲမှာပဲဖြစ်ဖြစ် ၊ ရုပ်ရှင်ရုံထဲမှာဖြစ်ဖြစ် ၊ အိပ်တဲ့အခါဖြစ်ဖြစ် ဖုန်းရဲ့ Ringer ကိုပိတ်ထားလေ့ရှိမှာပါ။ အဲလိုပိတ်ထားပြီးရင် ပြန်ဖွင့်ဖို့မေ့နေလို့ ဖုန်းလာတာကို မသိတဲ့ ပြဿနာမျိုးလည်းကြုံတွေ့ဖူးမှာပါ။ ဒီ App က Ringer ကိုပိတ်ထားတဲ့အခါမျိုးမှာ ပြန်ဖွင့်မယ့်အချိန်ကိုသတ်မှတ်ပေးထားနိုင် ပါတယ်။ သင်သတ်မှတ်ထားတဲ့အချိန်ရောက်ရင် Ringer ကအလိုလိုပြန်ပွင့်သွားမှာဖြစ်လို့ အလွန်ကိုအသုံးဝင်မယ့် App လေးတစ်ခုလို့ ဆိုနိုင်ပါတယ်။
sssScreen Filter
Price: Free
Screen အလင်းအမှာင်ကိုအကန့်အသတ်မရှိချိန်ညှိမယ် . . .
သင့်ရဲ့မျက်လုံးတွေကို မထိခိုက်စေဖို့အတွက် စူးရှတောက်ပတဲ့ Screen Brightness တွေကိုလျော့ချပစ်ဖို့ ဒီ App ကကူညီ မှာပါ။ Screen ကိုအချိန်ကြာကြာစိတ်ကြည့်နေခြင်းက သင့်ကိုခေါင်းကိုက်စေတယ်ဆိုရင် Android မှာနဂိုပါဝင်ပြီးသားဖြစ် တဲ့ Screen Brightness Control ကိုအသုံးပြုပြီး အလင်းအမှာင်ချိန်ညှိနိုင်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ဒါကမလုံ လောက်ပါဘူး။ အဲဒီအတွက် Screen Filter ကိုသုံးမှဖြစ်မှာပါ။ Screen Filter ကသင့်ရဲ့ Android Device အတွင်းမှာနဂိုပါဝင်ပြီးသား ဖြစ်တဲ့ မူရင်း Setting ထဲက Brightness Control ရဲ့ကတ်သတ် ချက်ကိုကျော်လွန်ပြီး သင့်စိတ်ကြိုက်အလင်းအမှာင်ချိန်ညှိနိုင် စေမယ့် App တစ်ခုပဲဖြစ်ပါတယ်။ သင့်မျက်လုံးနဲ့ကိုက်ညီမယ့် Brightness ကိုသတ်မှတ်ထားနိုင်ပြီး ရောက်ရှိနေတဲ့နေရာ အလိုက်ပြောင်းလဲမှုတွေလည်းပြုလုပ်နိုင်မှာပါ။
Ref : Google Play Store
Credit to Digital Times
Usefull Android App from Play Store Reviewed by mp3songmm on November 02, 2016 Rating: 5

Ads mm

mfont

Contributors

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ?

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ? Window Key + R (Run Command)ဖြင့် တွဲဖက်အသုံးပြုရမည့် Keys များ ...

Search This Blog

Home Ads

Tags

Travel

Please give me 1 click

Comments

Ads mm

Ads

Latest in Sports

Random Posts

Flickr

Header Ads

Popular

All Rights Reserved by Myanmar ebook and mod game © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

MMEBOOK. Powered by Blogger.