Top Ad unit 728 × 90

Messenger မှာ အလိုလိုပျောက်သွားအောင် မက်ဆေ့တွေ ဘယ်လိုပို့မလဲ

Messenger မှာ အလိုလိုပျောက်သွားအောင် မက်ဆေ့တွေ ဘယ်လိုပို့မလဲ


Facebook ဟာ ‘Secret Conversation’ လို့ အမည်ပေးထားတဲ့ လှို့ဝှက်ကုဒ်ခံ၊ အလိုလိုပျောက်သွားတဲ့မက်ဆေ့တွေကို လွန်ခဲ့တဲ့ ဂျူလိုင်လက စတင်စမ်းသပ်ခဲ့ပါတယ်။
ထို့နောက် မကြာမီမှာ တစ်ချို့ user တွေဆီ စတင်ထုတ်ပေးခဲ့ပြီး၊ ယခုအခါမှာတော့ ဒီလုပ်ဆောင်ချက်အသစ်ကို သန်း ၉၀၀ ကျော်ရှိတဲ့ Messenger အသုံးပြုသူအားလုံး အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယနေ့ပဲ ကြေငြာလိုက်ပါပြီ။
‘Secret Conversation’ ဆိုတာ end-to-end encryption (E2EE) လို့ ခေါ်တဲ့ ပို့သူနဲ့ ကြည့်သူနှစ်ဦးသာ မြင်တွေ့နိုင်မယ့် လှို့ဝှက်ကုဒ်ခံမက်ဆေ့တွေပဲဖြစ်ပြီး၊ မက်ဆေ့ကုဒ်တွေကို စက်တစ်ခုချင်းစီအလိုက် သီးသန့်ထုတ်ပေးထားတာဖြစ်တာကြောင့် ကိုယ့်အကောင့်ကို တခြားလူတစ်ယောက်ကိုပေးထားလို့ (ချစ်သူဖြစ်ဖြစ်) တပြိင်တည်းသုံးနေမယ်ဆိုရင်တောင် ကိုယ်ပို့နေတဲ့မက်ဆေ့တွေကို သူမြင်ရမှာမဟုတ်ပါဘူး။ ကုန်ကုန်ဆိုရရင် Facebook ကတောင် ဒီမက်ဆေ့တွေကို ကြားဖြတ်ယူနိုင်မှာမဟုတ်ပါဘူး။
ဒီ့အပြင် auto-destruction လည်းပါဝင်တာကြောင့် မက်ဆေ့တွေကို ပို့ပြီးတာနဲ့ အချိန်တစ်ခုအတွင်းမှာ အလိုလိုပျောက်သွားအောင်လည်း လုပ်နိုင်ပါတယ်။ လုံခြုံရေးပိုင်းအရရော ၊ လှို့ဝှက်စကားပြောချင်တဲ့လူတွေအတွက် တော်တော်အသုံးဝင်တဲ့ feature သစ်တစ်ခုပါ။

ဒါဆို Messenger ရဲ့ ‘Secret Conversations’ ကို ဘယ်လိုသုံးမလဲ ?

ပထမဆုံး သင့် Messenger အက်ပ်ကို update လုပ်ပေးဖို့ လိုပါမယ်။
Update လုပ်ပြီးလို့ ‘Secret Conversations’ ပေါ်လာပြီဆိုရင် ဘယ်လိုသုံးရမလဲ လေ့လာကြည့်ရအောင်။
  • ‘Secret Conversation’ ကို လက်ရှိပြောနေတဲ့ မက်ဆေ့ဘောက်စ်ကနေတင် ပြောလို့ရမှာမဟုတ်ဘဲ၊ သီးသန့်ဘောက်စ်တစ်ခုကနေ သုံးရမှာပါ။ သာမန်မက်ဆေ့ဘောက်စ်နဲ့ ကွဲအောင်လို့ ‘Secret Conversations’ ဘောက်စ်ကို အနက်ရောင်ခြယ်ထားပါတယ်။
  • ပထမဦးဆုံး ကိုယ်ပြောချင်တဲ့လူဆီ သာမန်မက်ဆေ့ဘောက်စ်ကနေပဲ ဝင်လိုက်ပါ။
  • ပြီးရင် ထိပ်ဆုံးက ညာဘက်ထောင့်က “i” ပုံစံလေးကို နှိပ်လိုက်ပါ။
screenshot_2016-10-07-14-48-58-775_com-facebook-orca
  • နောက်ထပ်ပေါ်လာတဲ့ Details စာရင်းမှာ သော့ခလောက်ပုံစံ ‘Secret Conversation’ ဆိုတာကို ထပ်နှိပ်လိုက်ပါ။
screenshot_2016-10-07-14-49-08-002_com-facebook-orca
  • ယခုအခါ သီးသန့်မက်ဆေ့ဘောက်စ်တစ်ခုပေါ်လာမှာဖြစ်ပြီး၊ သာမန် conversation ဆို အပြာရောင်၊ ‘secret conversation’ ဆို အနက်ရောင်နဲ့ ပြပါလိမ့်မယ်။
  • ယခု ‘Secret Conversation’ ဘောက်စ်ကနေ သင်ပြောချင်ရာကို နှစ်ကိုယ်ကြား သီိးသန့်ပြောနိုင်ပြီး၊ လုံခြုံမှုက လုံးဝစိတ်ချရပါတယ်။ သင့်အကောင့်ကို တခြားဖုန်းတစ်ဖုန်းမှာ ဝင်ကြည့်ရင်တောင် ဒီ ‘Secret Conversation’ တွေကို မြင်ရမှာမဟုတ်ပါဘူး။
အလိုလိုပျောက်သွားတဲ့မက်ဆေ့တွေ ပို့ချင်တယ်ဆိုရင်တော့
  • ‘Like’ icon အပေါ်က နာရီပုံလေးမှာ မက်ဆေ့အလိုလိုပျောက်သွားမယ့်အချိန်ရွေးပေးပါ။ 1 day တစ်ရက်အထိ ရွေးပေးနိုင်ပါတယ်။
screenshot_2016-10-07-14-49-37-881_com-facebook-orca
  • ဟိုဖက်က ဖတ်ပြီးမြန်မြန်ပျောက်သွားစေချင်တယ်ဆိုရင် တစ်မိနစ်၊ စက္ကန့်ခြောက်ဆယ်လောက်ဆို အနေတော်ပါပဲ။
  • ပြီးရင် Send နှိပ်လိုက်ပါ။ ဒီအခါ သင်ပို့လိုက်တဲ့မက်ဆေ့မှာ အချိန်ရေတွက်နေတာလေး  တွေ့ရမှာဖြစ်ပြီး၊ အချိန်ပြည့်တာနဲ့ အလိုလိုပျက်သွား၊ပျောက်သွားမှာပါ။
သတိပြုရမှာတစ်ခုက ‘Secret Conversation’ ကို သုံးချင်တဲ့ ဖုန်းနှစ်လုံးစလုံးမှာ ရပြီးသားဖြစ်ရမှာပါ။ မရသေးဘူးဆိုရင်တော့ တစ်ဖက်လူကိုလည်း Messenger update လုပ်ဖို့ ပြောလိုက်ပါ။

Digital Times

Messenger မှာ အလိုလိုပျောက်သွားအောင် မက်ဆေ့တွေ ဘယ်လိုပို့မလဲ Reviewed by mp3songmm on November 04, 2016 Rating: 5

Ads mm

mfont

Contributors

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ?

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ? Window Key + R (Run Command)ဖြင့် တွဲဖက်အသုံးပြုရမည့် Keys များ ...

Search This Blog

Home Ads

Tags

Travel

Please give me 1 click

Comments

Ads mm

Ads

Latest in Sports

Random Posts

Flickr

Header Ads

Popular

All Rights Reserved by Myanmar ebook and mod game © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

MMEBOOK. Powered by Blogger.