Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ
Prisma လိုမျိုး ဗီဒီယိုတွေရိုက်လို့ရတဲ့ app
Artisto လို့ ခေါ်တဲ့ ယခု အက်ပလီကေးရှင်ဟာ ဗီဒီယိုတွေမှာလဲ Prisma လိုမျိုး အနုပညာဆန်ဆန် filter တွေထည့် ရိုက်ကူးထားနိုင်ပြီး၊ Android ကော iOS မှာပါ ထွက်ရှိလာတာဖြစ်ပါတယ်။
Artisto မှာ ရွေးချယ်စရာ filter တွေအများအပြားပါရှိပြီး၊ တစ်ချို့က Prisma က filter တွေနဲ့အတူတူပဲဖြစ်ပေမယ့်၊ လုံးဝမတူတဲ့ filter တွေလည်းပါရှိပါတယ်။ ခလုတ်တစ်ချက်အတွင်းမှာ ဗီဒီယိုကို အနုပညာသက်ဝင်မှုတွေ ထည့်သွင်းပေးနိုင်ပြီး၊ ဆိုရှယ်မီဒီယာမှာ အဆင့်သင့်တင်၊ share (ကြွား) ဖို့ပဲ လိုမှာဖြစ်ပါတယ်။
My.com က ထုတ်လုပ်ထားတဲ့ Artisto အက်ပလီကေးရှင်းရဲ့ နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့ ဗီဒီယိုတွေကို ကူးပြောင်းရမှာ စက္ကန့်ပိုင်းလောက်သာကြာပြီး၊ လုပ်ဆောင်ချက်တော်တော် မြန်ပါတယ်။
AI နည်းပညာသုံး ဓာတ်ပုံမွမ်းမံဆော့ဖ်ဝဲတွေ အပြိုင်အဆိုင်ထွက်ပေါ်လာမှာကြောင့် app ဈေးကွက်ဟာ ပိုမိုစိတ်ဝင်စားဖို့ ကောင်းလာပြီး၊ Prisma အနေနဲ့လည်း သူ့ပရိတ်သတ်တွေကို ဆွဲဆောင်ထားဖို့အတွက် ဗီဒီယို Mode ကို မကြာခင်ထုတ်ပေးသွားတော့မယ်လို့ သိရပါတယ်။
Apple ဖုန်းတွေအတွက် Artisto အက်ပလီကေးရှင်းကို App Store မှာတော့ အဆင်သင့်ဒေါင်းလုဒ်ယူနိုင်မှာဖြစ်ပြီး၊ Google Play မှာတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက် မထုတ်ပေးသေးတာကြောင့် VPN သုံးပြီး ဒေါင်းလုဒ်ဆွဲရင်ဆွဲ ဒါမှမဟုတ် ဒီလင့်ခ်ကနေ သွားရောက်ရယူနိုင်မှာပါ။
Ref: TNW
ကျနော်တို့ရဲ့ Facebook Page လေးကို လာလည်ကြပါဦး
Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ
Reviewed by mp3songmm
on
August 08, 2016
Rating:
Reviewed by mp3songmm
on
August 08, 2016
Rating:

