Top Ad unit 728 × 90

အီးမေးလ်မပို့နဲ့ ဆလက်ခ်လိုက်ပါ









လွန်ခဲ့သော၂နှစ်ကျော်က အမေရိကန်နိုင်ငံက လုပ်ငန်းခွင်များမှာ ရုံးဝန်ထမ်းအချင်းချင်း ပြောလေ့ရှိသည်က ‘‘အရေးကြီးရင် အီးမေးလ်ပို့ပါ။ ဒါမှမဟုတ်လည်း ဖုန်းကနေ မက်ဆေ့ခ်ျပို့လိုက်ပါ’’ဆိုသောစကား ဖြစ်ပါသည်။ သို့သော် သည်နှစ်ပိုင်းတွေမှာ အမေရိကန်ကုမ္ပဏီကြီးများ၏ ဝန်ထမ်းလောက၊ ရုံးတွင်းလုပ်ငန်းခွင်မှာ ဝေါဟာရတစ်ခုက ပိုအသုံးများလာပါသည်။
‘‘အီးမေးလ်မပို့နဲ့နော် စစ်ချိန်မရဘူး။ အရေးကြီးရင် ဆလက်ခ် (Slack)လုပ်လိုက်ပါ’’
Slack ဆိုသည်မှာ စကိုက်ဆန်ဆန်၊ ဗိုက်ဘာဆန်ဆန်၊ အီးမေးလ်ပုံစံဆန်ဆန် အဖွဲ့အစည်းတစ်ခုအတွင်းက ဝန်ထမ်းများအချင်းချင်း ဆက်သွယ်လို့လည်းရ၊ အီးမေးလ်လည်းပို့နိုင်၊ ဗီဒီယိုနှင့်လည်း အစည်းအဝေးလုပ်စကားပြောနိုင်၊ ရုံးတွင်းဖိုင်များလည်း အလွယ်တကူ မျှဝေကြည့်ရှုနိုင်အောင် ဖန်တီးထားသော ဆော့ဖ်ဝဲတစ်ခုဖြစ်၏။ အဖွဲ့အစည်းထဲမှာ ဝန်ထမ်းအားလုံး တစ်ပြိုင်တည်း ပြောနိုင်သလို ဝန်ထမ်းအချင်းချင်း တူရာအုပ်စုများ ပြန်ခွဲပြီး သီးသန့်ပြောနိုင်သည်။ ဥပမာ ဈေးကွက်မြှင့်တင်ရေး အုပ်စု၊ မန်နေဂျာ အုပ်စု၊ နည်းပညာရှင်အုပ်စု၊ သုတေသနအုပ်စု သီးသန့်အုပ်စုချင်း စကားပြောနိုင်သလို သူများဝင်ဖတ်လို့မရအောင် တစ်ဦးချင်းလည်း သီးသန့်ပြောလို့ရသလို တိုက်ရိုက် မက်ဆေ့ခ်ျသီးသန့်ပို့လို့လည်း ရသည်။ ရုံးမှာ တစ်ချိန်တည်း အလုပ်လုပ်နေရင်း ကိုယ့်ဌာနကနေ တခြားဌာနဝန်ထမ်းနှင့် ထိုင်ရာကမထ ဆွေးနွေးလို့ရသလိုတခြားမြို့ရောက်နေသော ကုမ္ပဏီဝန်ထမ်းနှင့်လည်း တစ်ချိန်တည်းပြောလို့ရသည်။ ဖေ့စ်ဘွတ်ခ်၊ မက်ဆင်ဂျာ၊ ဂျီမေးလ်၊ စကိုက်တို့နှင့် နည်းပညာချင်းဆင်သော်လည်း ကွာခြားသည်က Slack သည် အများသုံးမဟုတ်။ လိုင်စင်ဝယ်ယူပြီး သုံးရသည့် မိမိတို့အဖွဲ့အစည်းသီးသန့်ဖြစ်ပြီး ရုံးကိစ္စအတွက်ဖြစ်သည်။ အပြင်လူလုံးဝမပါ။ အထူးသဖြင့် အမေရိကန်သံရုံးအတော်များများမှာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာကဲ့သို့ ဆိုရှယ်မီဒီယာများနှင့် ဂျီမေးလ်ကဲ့သို့ အခမဲ့မေးလ်များကို လုပ်ငန်းသုံးကွန်ပျူတာများမှာ အသုံးပြုခွင့်မပေးပါ။ သုံးချင်ပါကကိုယ့်ဖုန်းဖြင့်သာ ကိုယ်သုံးကြရသည်။ ရုံးလုပ်ငန်းတွက် ရုံး၏ကိုယ်ပိုင် အီးမေးလ်ဖြင့် ဆက်သွယ်ကြသည်။ ရုံးအလုပ်ဖိုင်များကိုလွှဲပြောင်းပြုကြရသည်။ ယခုသည် နေရာမှာ Slack က နေရာယူလာသည်။
Slack က တစ်ချိန်တည်းမှာ အီးမေးလ်ရော၊ ဖိုင်များအလွှဲ အပြောင်းကိုရော မက်ဆေ့ခ်ျတစ်ခုဖြင့် အလွယ်လုပ်နိုင်၏။ ထို့အပြင် ရုံးများနှင့် အလွန်အဆင်ပြေလှသော စကားပြောထားသောဖိုင်များကို အလိုအလျောက် စုဆောင်းသိမ်းဆည်းပေးသော ဆောင်ရွက်မှုလည်းပါသည်။ သည်လိုအံ့မခန်းဆောင်ရွက်ချက်များကြောင့် Slack သည် စတင်ကြေညာသည့် တစ်နှစ်အတွင်းပင် တစ်ရှိန်ထိုးအောင်မြင်လာခဲ့သည်။ အချိန်တိုအတွင်း Slack က အမေရိကန်ရုံးဝန်ထမ်း၏ အီးမေးလ်များ၊ မက်ဆေ့ခ်ျပို့ခြင်းများ၊ မျက်နှာစုံညီအစည်းအဝေးများနေရာကို ဝင်ယူလိုက်သည်။
‘‘ရုံးက မန်နေဂျာဆိုရင် အကြောင်းတစ်ခုခုကြောင့် သူ့ကိုမေးရင် အီးမေးလ်ဆိုရင် ချက်ချင်းဖွင့်မကြည့်တော့ဘူး။ ဖတ်လည်းမဖတ်တော့ဘူး။ အရေးအကြောင်းရှိရင် သူ့ကို Slack ကနေပဲ ပြောမှရတယ်။ သူက တစ်ချိန်လုံး Slack မှာပဲရှိနေတာ။ Slack ကနေပဲ သူကလည်း ပြန်ပြောပြ၊ ပြန်ဆွေးနွေးပြတယ်’’ဟု အမေရိကန်နိုင်ငံမှ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေသော ဒေါက်တာညိုညိုက ရှင်းပြသည်။
Slack သည် အိုင်ဖုန်းလို စမတ်ဖုန်းများမှာ ထည့်သွင်းသုံးစွဲနိုင်သည့်အတွက် အမှုဆောင်အရာရှိကဲ့သို့ ရုံးအကြီးအကဲများကလည်း ရုံးလုပ်ငန်းခွင်က မန်နေဂျာများကို ဘယ်နေရာရောက်ရောက် စီမံခန့်ခွဲနိုင်၏။ ထို့ကြောင့် ၂၀၁၄ စတင်ကြေညာစဉ်က သုံးစွဲသူ တစ်သောင်းခြောက်ထောင်သာရှိခဲ့ရာမှ ယခုအချိန်တွင် သုံးစွဲသူ သုံးသန်းရှိလာပြီဟု Slack ၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရ၏။ အမေရိကန်နိုင်ငံက သုံးစွဲသူအများဆုံးဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံကြီးများမှာလည်း စတင်သုံးစွဲလာကြပြီဟုဆိုသည်။
Slack ကို စတင်သုံးစွဲရာမှာ အခမဲ့လည်းရသည်။ သို့သော် ပိုပြီးလုပ်ဆောင်ချက်များကောင်းကောင်းလိုချင်ပါက လစဉ်ကြေး တစ်လကို ခြောက်ဒေါ်လာခွဲကနေ စတင်ပေးသွင်းပြီး သုံးစွဲနိုင်သည်။ Slack ၏ အမှုဆောင်အရာရှိ စတီးဝပ်ခ်ဘက်တာဖီးလ်က သူတို့အနေဖြင့် ယခုအချိန်အထိ သည်ဆော့ဖ်ဝဲကနေ အကျိုး အမြတ်မရသေးပါဟု နယူးယောက်တိုင်းမ်သတင်းစာကို ပြောကြားခဲ့၏။ သို့သော်လည်း ဝန်ထမ်းအင်အားတစ်ရာဖြင့်စခဲ့သော ကုမ္ပဏီ၏တန်ဖိုးမှာ ဒေါ်လာသန်းတစ်ထောင်ရှိလာပြီဖြစ်သည်။
Slack ၏ အဓိကအထင် ကြီးစရာအချက်မှာ ရုံးတွင်းဆက်ဆံရေး ကွန်ရက်အဖြစ် သီးသန့်အသုံးပြုလို့ရခြင်းဖြစ်၏။ Slack ကို သုံးစွဲသည့် အမေရိကန်ကလုပ်ငန်းကြီးများတွင် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော ကွန်ကတ်စ်၊ စတိုးဆိုင်လုပ်ငန်းကြီးဖြစ်သော ဝေါလ်မတ်အပြင် နယူးယောက်တိုင်းမ်သတင်းစာကဲ့သို့ သတင်းမီဒီယာကုမ္ပဏီများလည်းပါသည်။
Slack သည်နောင် အနာဂတ်ရုံးလုပ်ငန်းခွင် ဖြစ်သည်။ Slack မှာ နယ်နိမိတ်မရှိ။ နိုင်ငံမရှိ။ သုံးရသည်မှာ အလွန်အဆင်ပြေလွယ်ကူသည်။ လက်ညှိုးတစ်ချက်ထောက်ဖြင့် ဖိုင်တွေကိုလွှဲနိုင်သည်။ အမေရိကန်နယူးယောက်က မန်နေဂျာနှင့် အင်္ဂလန်နိုင်ငံ လန်ဒန်က ဝန်ထမ်းသည် Slack မှာ မျက်နှာချင်းဆိုင်ပြီး အလုပ်ဖိုင်များကို အတူကြည့်နိုင်သည်။ ပြင်နိုင်သည်။ ဆွေးနွေးနိုင်ပြီ။
Slack ကို တည်ထောင်သူ စတီးဝပ်ခ်ဘတ်တာဖီးလ်သည် တခြားအိုင်တီလုပ်ငန်းရှင်များလိုပင် ငယ်ရွယ်သူလုပ်ငန်းရှစ်တစ်ဦးဖြစ်သည်။ သူသည် ကနေဒါလူမျိုးဖြစ်ပြီး အသက် (၄၃) နှစ်သာရှိသေးသည်။ သူသည် ၂၀၀၆ တွင် တိုင်းမ်မဂ္ဂဇင်း၏ ကမ္ဘာမှာ သြဇာအကြီးဆုံး လူတစ်ရာစာရင်းမှာ ပါဝင်ခဲ့ပြီး များစွာသော အိုင်တီနည်းပညာဆိုင်ရာ ထူးချွန်ဆုများကို ရထားသည်။
Slack ၏ ဖေ့စ်ဘွတ်ခ်၊ မက်ဆင်ဂျာ၊ ဂျီတော့ခ်ကဲ့သို့ အရာများနှင့် ကွာခြားချက်မှာ သူ့မှာသုံးစွဲသူများ စွဲလမ်းမိမှန်းမသိ စွဲလမ်းသော စိတ်ခံစားမှု နှစ်လိုဖွယ်များပါခြင်းဖြစ်သည်။ လုပ်ငန်းစရန် Slack ကို ဖွင့်လိုက်သည်နှင့်သူက နှစ်လိုဖွယ်ရာ မက်ဆေ့ခ်ျများဖြင့်သုံးစွဲသူကို နှုတ်ဆက်တတ်သည်။
‘‘Slack ရဲ့ နှုတ်ဆက်စကားလေးတွေကို သဘောကျတယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုစကားပြောနေသလိုပဲ။ ဥပမာ ဒီနေ့ ခင်ဗျားက တယ်ကြည့်ကောင်းပါလားလို့၊ ဒီလိုနေ့ကောင်းနေ့မြတ်မျိုးမှာ မလုပ်နိုင်တာ ဘာမှမရှိဘူးလို့ အဲဒီလိုလေးတွေနဲ့ နှုတ်ဆက်တတ်တယ်’’ဟု Slack ကိုသုံးစွဲသည်မှာ တစ်နှစ်ခန့်ရှိသော ဒေါက်တာညိုညိုက ပြောသည်။
ယခုအခါမှာ Slack ၏ အဆိုပါ နှုတ်ဆက်သည့်ပုံစံကို ဖေ့စ်ဘွတ်ခ်ကပင် အတုယူပြီး သုံးစွဲသူများကို နှုတ်ဆက်လာသည်ကိုတွေ့ရသည်။ အိုင်တီနည်းပညာရှင်များက Slack သည် အီးမေးလ်ဆိုသည်ကို အသေသတ်နေခြင်းဟု ဝေဖန်လာကြသည်။ ပြောလည်းပြောစရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါအမေရိကန်လုပ်ငန်းခွင်များမှာ ဝန်ထမ်းများသည် အီးမေးလ်သုံးမှု နည်းသထက်နည်းလာသည်။ အချင်းချင်း Slack ကနေသာ လုပ်ငန်းများကို ပိုဆောင်ရွက်လာကြသည်။
တချို့ကတော့ Slack သည် ရုံးတွင်းသုံးသာ ဖြစ်သည်။ ရုံးပြင်ပအတွက် အီးမေးလ်လိုနေဦးမည်ဟု ပြန်လည်ပြောဆိုကြသည်။ တချို့ကမူ Slack သုံးကတည်းက အီးမေးလ်သုံးမှု ၅၀ ရာခိုင်နှုန်းလောက်ပဲ လျော့ကျသည်။ တချို့က၈၀ ရာခိုင်နှုန်းကျဆင်းသွားသည်ဟုဆိုသည်။ Slack သုံးရသည်ကို သိပ်သဘောကျနေသော ဒေါက်တာ ညိုညိုက ယခုကဲ့သို့ ပြောသည်။
‘‘ဘယ်လောက်ရာခိုင်နှုန်းလဲဆိုရင်တော့ ဘာပြောရမှန်းတောင်မသိတော့ဘူး။ ကျွန်မအီးမေးလ်မသုံးတာ တစ်လခွဲလောက်ရှိသွားပြီ’’
အညွှန်း : 7day news မှ ကူးယူဖော်ပြသည်။

Slack Version 2.15.0-C

Android Version 4.1 and Up

Size 33.54 Mb






Zappyshare မှ ဒေါင်းရန်နှိပ်ပါ






Sendspace မှဒေါင်းရန်








APK4Fun မှဒေါင်းရန် 







Play Store မှဒေါင်းရန်




 ကျနော်တို့ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ (Facebook Page) ကို နှိပ်ပြီး လာလည်ပါဦး


အီးမေးလ်မပို့နဲ့ ဆလက်ခ်လိုက်ပါ Reviewed by mp3songmm on August 03, 2016 Rating: 5

Ads mm

mfont

Contributors

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ?

Windows အတွက် Run Commands အသုံးဝင်သော 156 သင်ဘာကို ရှာချင်တာလဲ ? Window Key + R (Run Command)ဖြင့် တွဲဖက်အသုံးပြုရမည့် Keys များ ...

Search This Blog

Home Ads

Tags

Travel

Please give me 1 click

Comments

Ads mm

Ads

Latest in Sports

Random Posts

Flickr

Header Ads

Popular

All Rights Reserved by Myanmar ebook and mod game © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

MMEBOOK. Powered by Blogger.